A d v e r t i s e m e n t With Us

ဒီချုပ်က လွှတ်တော်နှစ်ခုလုံး အနိုင်ရ၊ အစိုးရဖွဲ့ရန် ၃၈ ဦးသာ လို

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီနေ့ ၁၂ နာရီအချိန်တွင် ရွေးကောက်ပွဲရလဒ်တွေ ကြေညာချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၉၅ ဦးနဲ့ ပြည်သူ့ လွှတ်တော်တွင် ၁၉၆ ဦး အနိုင်ရသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်အတွက် ဒုသမ္မတနေရာနှင့် ပြည်သူ့လွှတ်တော်အတွက် ဒုသမ္မတ တွေကို အမျိုးသားဒီမိုကရေစီက ရွေးချယ်နိုင်ပါပြီ။ သမ္မတအဆင့်အထိ ရွေးချယ်ပြီး အစိုးရအဖွဲ့ဖွဲ့နိုင်ဖို့အတွက် နောက်ထပ် အနိုင်ရ ကိုယ်စားလှယ် ၃၈ ဦးသာ လိုပါတော့တယ်။ အစိုးရဖွဲ့ရန် လိုအပ်တဲ့ ဦးရေမှာ ၃၂၉ ဦး ဖြစ်ပြီး မကြေညာရသေးသော မဲဆန္ဒနယ် (ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) ၁၅၀ ကျန်ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up