A d v e r t i s e m e n t With Us

ဆီးရီးယား ဗုံးပေါက်ကွဲမှု ရုပ်သံဗွီဒီယို အင်တာနက်ပေါ် ဖြန့်ချိ

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စ်ကပ်အနီး ဒါယာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပါက်ကွဲမှုကို အကြီးစားပေါက်ကွဲမှုအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက် စာမျက်နှာပေါ် နိုဝင်ဘာ ၉ ရက်နေ့က တင်ခဲ့ပါတယ်။ နောက်ထပ် အွန်လိုင်းဗွီဒီယိုမှာတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ ကလေးတွေနဲ့ လူအများစုကို တွေ့နိုင်ပြီး အဲဒီနေ့ တနေ့တည်းတင် ဖြစ်ခဲ့တဲ့ ဒမတ်စ်ကပ်မြို့အနီးက ဒိုးမားမြို့မှာ ရုရှားလေကြောင်းတိုက်ခိုက်ခံရမှု အပြီး ဖြစ်ခဲ့တာလို့ ဖော်ပြပါတယ်။ တတိယအကြိမ် ထွက်ပေါ်လာတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဒိုးမားမြို့ နေရာအနှံ့ ဗုံးပေါက်ကွဲမှုမှာ လွတ်မြောက်လာသူတွေကို ဆီးရီးယား ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်တင်ခဲ့တာတွေကို တွေ့မြင်ရတာပါ။ ဆီးရီးယားစစ်တွင်း လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေး အရပ်သားအဖွဲ့ဝင်တွေဟာ သူပုန်နယ်မြေတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်တင်ခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့ (SOHR) ဟာ မြေပြင်ပေါ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇၀ ဦး သေဆုံးခဲ့ရာမှာ သုံးပုံတပုံဟာ အရပ်သားတွေဖြစ်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ ရုရှားလေတပ်ဟာ ဆီးရီးယားနိုင်ငံကို ၁၃၇ ကြိမ် ထိုးစစ်ဆင်ခဲ့ပြီး နိုင်ငံတွင်း ပစ်မှတ် ၄၄၈ ခုကို ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up