A d v e r t i s e m e n t With Us

သမ္မတ ဦးသိန်းစိန်ထံ အမေရိကန်သမ္မတ အိုဘားမား ဖုန်းဆက်ချီးကျူး

ဓာတ်ပုံ - ဦးရဲထွဋ်
တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက်မြန်မာသမ္မတဦးသိန်းစိန်ဆီကို အမေရိကန်သမ္မတ အိုဘားမားက တယ်လီဖုန်းဆက်ပြီး ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လူမှုကွန်ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက် ၈ နာရီခွဲမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံကို တယ်လီဖုန်း ဆက်ပြီး မြန်မာနိုင်ငံမှာ သမိုင်းတွင်မည့် လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်သည့်အတွက် နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကို ချီးကျူး ဂုဏ်ပြုကြောင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်မှုဟာ သမ္မတကြီးအနေနဲ့ ဂုဏ်ယူရမှာ ဖြစ်ပြီး သမိုင်းမှတ်တိုင် တရပ်ဖြစ်ကြောင်း၊ သမ္မတကြီး ရဲဝံ့စွာ ဖော်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွက် ထူးခြားပြောင်မြောက်တဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ခဲ့ပြီပြီး အမေရိကန်အနေနဲ့  မြန်မာအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up