A d v e r t i s e m e n t With Us

အဝေးကွင်း ရန်ပုံငွေတိုးမြင့်ပေးရန် ပရီးမီးယားလိဂ်ပရိသတ်များတောင်းဆို

ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ အဝေးကွင်းပွဲစဉ်တွေ အတွက် ရန်ပုံငွေကို တိုးမြင့်ပေးဖို့ ကလပ်အသင်းပိုင်ရှင်တွေကို ပရိသတ်တွေက တောင်းဆိုလိုက်ပါတယ်။ အဝေးကွင်းပရိသတ်တွေကို ကလပ်အသင်းတိုင်းက ပေါင် ၂ သိန်း ထောက်ပံ့ထားပေမယ့် ပေါင် ၅.၁၄ ဘီလီယံ ရုပ်သံ အစီအစဉ်တွေစတင်မယ့် ရာသီသစ်မှာ ပရိသတ်တွေက ပေါင် ၁ သန်း လိုချင်နေပါတယ်။ လန်ဒန်မှာ ချဲလ်ဆီး အဲဗာတန်၊ လီဗာပူး မန်ချက်စတာယူနိုက်တက် စတုတ်၊ စပါး၊ ဆန်းဒါလန်း ကလပ်အသင်း ရှယ်ယာပိုင်ရှင်တွေ နိုဝင်ဘာ ၁၂ ရက်တွေ့ဆုံဖို့ ရှိနေတဲ့ အချိန်မျာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် အဝေးကွင်းလတ်မှတ်ဈေးနှုန်းတွေကို ပေါင် ၂၀ ကျခံပေးဖို့လည်း ဘောလုံး ပရိသတ်တွေက လိုလားနေပါတယ်။ ရုပ်သံကြေညာတွေကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ပေါင် ဘီလီယံ ပိုမိုချမ်းသာလာခဲ့တယ်လို့ ပရိသတ်အသင်းက ကယ်ဗင်မိုင်းကပြောပါတယ်။ အဝေးကွင်းလက်မှတ်ဈေးနှုန်းတွေကိုလည်း လျော့ချပေးဖို့ ပရီးမီးယားလိဂ်ကလပ်အသင်း ဘောလုံးပရိသတ်တွေက တောင်းဆိုခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up