A d v e r t i s e m e n t With Us

ဂင်းနစ်စံချိန်တင် ဂျိမ်းစ်ဘွန်းဇာတ်ကား ပေါက်ကွဲမှု ဇာတ်ဝင်ခန်း (ရုပ်သံ)

၂၄ ကားမြောက် ဂျိမ်စ်ဘွန်းနောက်ဆုံးထွက် “Spectre” ဇာတ်ကားမှာ ရိုက်ကူးထားတဲ့ ပေါက်ကွဲမှု စတန့် ဇာတ်ဝင်ခန်းတွေကြောင့် ကမ္ဘာ့ ဂင်းနစ်စံချိန်တင်သွားပါတယ်။ ၂၀၁၅ ဇွန် ၂၉ ရက် မော်ရိုကိုနိုင်ငံမှာ ဒီဇာတ်ကားက ပေါက်ကွဲမှု စတန့်ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့ပါတယ်။ ဒီရိုက်ကူးမှုကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံကိုလည်း ယူကျုမှာ ကြည့်ရှုနိုင်ပါတယ်။ ပေါက်ကွဲမှုကို ဖန်တီးဖို့အတွက် ရေနံဆီ ၂၂၂၃ ဒသမ ၈ ဂါလန်၊ ပေါက်ကွဲစေတတ်တဲ့ ယမ်း ၇၃ ပေါင်ကို အသုံးပြုခဲ့ပြီး ဒိုင်းနမိုက် ယမ်း ၆၈ ဒသမ ၄၇ တန်ကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာ ၇ စက္ကန့်ခွဲသာ ကြာမြင့်တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂျက်ဘရစ်နဲ့ တော်မီလီဂျုံးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Blown Away ဇာတ်ကား စံချိန်ကို ချိုးသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up