A d v e r t i s e m e n t With Us

နပန်းသမားကို ပါးရိုက်ခဲ့သည့် ရွန်နီ (ရုပ်သံ)

အင်္ဂလန်နဲ့ မန်ယူအသင်းကစားသမား ရွန်နီက ဘောလုံးကွင်းထဲမှာ ခြေစွမ်းပြရုံတင်မကပါဘူး နပန်းပြိုင်ပွဲတခုမှာလည်း နပန်းသမားတဦးကို ပါးရိုက်ပြီး လက်စွမ်းပြလိုက်ပါတယ်။ နပန်းထိုးသတ်နေတဲ့ ပွဲမှာ ရွန်နီက သားနဲ့ အတူ ရှေ့ဆုံးတန်းမှာ ထိုင်နေစဉ်မှာ နပန်းသမား ဘာရတ်နဲ့ ရှိုင်းမတ်တို့ အတွဲနဲ့ စကားများခဲ့တာပါ။ ဒီနောက်မှာတော့ ရွန်နီက သူ့ရှေ့မှာ လာရောက်တဲ့ နပန်းသမားဘာရတ်ကို ပါးရိုက်ခဲ့ပါတယ်။ ဒီရိုက်ချက်ကြောင့် ဘာရတ်ဟာ လဲကျသွားသလို စင်ပေါ်ကနေ သူကို အာရုံစိုက်နေတဲ့ ရှိုင်းမတ်ကိုလည်း ပြိုင်ဘက်က ၀င်တိုက်ခဲ့ပါတယ်။ ဒီအတွက် ရှိုင်းမတ်နဲ့ ဘာရတ်တို့ အတွဲက ရှုံးနိမ့်သွားခဲ့ပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ နပန်းပြိုင်ပွဲ ရပ်နားထားစဉ်မှာ ကြော်ငြာအနေနဲ့ ပြသသွားတဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up