ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီဒေါ်တင်တင်နွဲ့ ကွယ်လွန်




11.3K
ရုပ်ရှင်မင်းသမီးကြီးအကယ်ဒမီဒေါ်တင်တင်နွဲ့ အသက် ၇၁ နှစ်ဟာ နိုဝင်ဘာ ၁၀ရက်နေ့ မနက်၈နာရီက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။
ဒေါ်တင်တင်နွဲ့ဟာ ဒါရိုက်တာဦးချစ်ခင်ရဲ့ မြတ်ဇာတ်ကားနဲ့ ရုပ်ရှင်နယ်ကိုစတင်ဝင်ရောက်ခဲ့ပြီး ဦးဝင်းဦး၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချစ်စံပါယ်တို့နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်ကားပေါင်း ၃၆ကားခန့် ရိုက်ကူးခဲ့ပြီး ကျမမှာမိန်းမသား ဇာတ်ကားနဲ့ အဓိက သရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။
ဒေါ်တင်တင်နွဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ စကားပြောသော အသဲနှလုံး၊ နန်းတလိမ်ပန်းတလိမ်၊ ချစ်သူရွေးမယ်ချစ်ဝဲလည်၊ ရွှေတံခါးကြီးဖွင့်ပါအုံး၊ စေတနာမှန်သော ကံတရားစတဲ့ ဇာတ်ကားတွေဟာ အထူးလူကြိုက်များခဲ့ပါတယ်။
ဒေါ်တင်တင်နွဲ့ရဲ့ ဈာပနကိုတော့ နိုဝင်ဘာ ၁၄ ရက်မနက် ၁၀ နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။