ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြီးမြောက်သည့်အထိ ဆောင်ရွက်ရန် ဘန်ကီမွန်း တိုက်တွန်း
DVB
·
November 11, 2015
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ စိတ်ရှည်မှု၊ စိတ်အားတက်ကြွမှုနဲ့ ဂုဏ်သိက္ခာရှိမှုတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေအားလုံးအနေနဲ့လည်း လေးစားဖွယ်ရာ စိတ်ဓာတ်တွေကို ထိန်းသိမ်းရင်းနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် သေသေချာချာ ပြီးမြောက်တဲ့အထိ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်၊။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကို ကော်မရှင်က ကြေညာနေပါပြီ၊ အခုအထိ ကြေညာပြီးသမျှ အန်အယ်လ်ဒီက တခဲနက် အနိုင်ရနေပါတယ်။
သမိုင်းဝင် ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတကို ရွေးချယ်မှာ ဖြစ်ပြီး အစိုးရအဖွဲ့သစ်ကို နောက်နှစ်ဆန်းပိုင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။