A d v e r t i s e m e n t With Us

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာအသင်း ကူဝိတ်နှင့် ဒုတိယပွဲစဉ် ကစားရန်မလိုတော့

ကူဝိတ်နှင့် ပထမအကျော့ ခြေစစ်ပွဲတွင် ကူဝိတ်က ၀-၉ ဂိုးဖြင့် အနိုင်ရ (ဓာတ်ပုံ – MFF)
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အနေနဲ့  နိုဝင်ဘာ ၁၇ ရက်နေ့ ကူဝိတ်အသင်းနဲ့ ကစားရမယ့် ဒုတိယပွဲ ခြေစစ်ပွဲကို  ကစားစရာမလိုတော့ဘူးလို့  ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အကြောင်းကြားလာတယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကူဝိတ်အသင်းဟာ အာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်  ဖီဖာက ပြိုင်ပွဲက ထုတ်ပယ် အရေးယူတာ ခံထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ပထမ အကြော့ခြေစစ်ပွဲမှာတော့ ကူဝိတ်က မြန်ကို ၉ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။ မြန်မာအသင်းဟာ လက်ရှိတွင် အုပ်စု စတုတ္ထနေရာမှာ ရမှတ် ၄ မှတ်နဲ့ ရပ်တည်နေပြီး တတိယနေရာမှ လက်ဘနွန်နှင့် ၃ မှတ် ကွာဟနေပါတယ်။ မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ တောင်ကိုရီးယား အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ယင်းနောက်တွင် ကူဝိတ်နှင့် ပွဲကို ကစားရန် မလိုတော့ တာကြောင့် မတ်လ ၂၉ မှသာ အုပ်စု နောက်ဆုံးပွဲ အဖြစ် လက်ဘနွန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up