A d v e r t i s e m e n t With Us

ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်ရန်ကတိပြုမှု မသေချာဟု ကာတာစင်တာ ထုတ်ပြန်

အလုံးစုံ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ ကတိပြုထားတာဟာ မသေချာတဲ့ အခြေအနေကို ရောက်သွားတယ်လို့ မြန်မာနိုင်ငံက အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တဲ့ ကာတာစင်တာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို လုံခြုံရေးတာဝန်ရှိသူတွေက သိသိသာသာ လိုက်လံ ထောက်လှမ်းခံရတာကြောင့် အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ပြီး လေ့လာခွင့်ပေးခဲ့တာကိုတော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုလို့ သူတို့က ပြောပါတယ်။ ပြီးတော့ ကြိုတင်မဲပေးတာကို လေ့လာခွင့်မရခဲ့တာဟာ အလေးထား စဉ်းစားစရာဖြစ်ပြီး တချို့ဒေသတွေမှာ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲတွေ အဆမတန်များနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။ ကာတာစင်တာဟာ တိုင်းနဲ့ ပြည်နယ်တွေက မဲရုံ ၂၅၀ ကို ရေတို၊ ရေရှည် စောင့်ကြည့်လေ့လာ နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေး မစ်ရှင်ကိုတော့ အိုင်ယာလန်နိုင်ငံ သမ္မတဟောင်းက ဦီးဆောင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up