၁၀ နှစ်အောက် ကလေးများဘောလုံးကို ခေါင်းဖြင့်တိုက်ခြင်းကို အမေရိကန် တားမြစ်လို

အမေရိကန် ပြည်ထောင်စု ဘောလုံးအဖွဲ့ချုပ်က ၁၀ နှစ်အောက်ကလေးတွေ  ဘောလုံးကို ခေါင်းနဲ့တိုက်တာကိုတားမြစ်ဖို့ အစီအစဉ်ကို ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လက ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၊ ကယ်လီဖိုးနီးယား လူငယ် ဘောလုံး အဖွဲ့တွေက ဂရုမထားပဲ လုပ်ဆောင်တဲ့ အပြုအမှုနဲ့ လူငယ်တွေကို ကာကွယ်ဖို့ ပျက်ကွက်တယ်ဆိုပြီး အမေရိကန် လူငယ်ကစားသမားတွေနဲ့ မိဘတွေက တရားစွဲဆိုခဲ့ပါတယ်။ ဒီအစီအစဉ်က ဒီလိုတရားစွဲဆိုမှုကို ဖြေရှင်းဖို့ အတွက် လုံခြုံရေး လှုပ်ရှားမှု တရပ်အနေနဲ့ အစီအစဉ်ကို မိတ်ဆက်တာလို့လည်း အမေရိကန် ဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကြားကလေးတွေ ခေါင်းတိုက်တဲ့ အလေ့အထကိုလည်း ကန့်သတ် သွားဖို့ ရှိနေပါတယ်။ အမေရိကန် ဘောလုံး ဆေးကော်မတီရဲ့ အကြံဥာဏ်ကို အခြေခံပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကစားသမားတွေရဲ့ လုံခြုံရေး ဒဏ်ရာ အနာတရာကို ကာကွယ်ဖို့က တကယ့်ကို အရေးပါတယ်လို့ လည်း အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ အမေရိကန် ဘာမင်ဟမ် တက္ကသိုလ်က အာရုံကြောဆိုင်ရာ ဆရာဝန် မိုက်ကယ်ဂရေးက ကလေးတွေ ဘောလုံးကို ခေါင်းနဲ့ တိုက်တာဟာ အန္တရယ်များတယ်လို့ ဆိုပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကလည်း အမေရိကန်ရဲ့ စည်းမျဉ်းသစ်ကို စောင့်ကြည့်နေသလို ဒီဖြစ်ရပ် အတွက် သုတေသနစာတမ်းတွေကိုလည်း ရနိုင်သမျှ ကြီးကြပ်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up