A d v e r t i s e m e n t With Us

မြန်မာ့ရွေးကောက်ပွဲ ဆယ်စုနှစ်သုံးစုကြာပြီး အောင်မြင်ခဲ့ပြီဟု ကမ္ဘာကျော်အဆိုတော်ပြော

၂၀၀၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူခဲ့စဉ်က
အိုင်ယာလန်အခြေစိုက်ကမ္ဘာကျော်ရောခ့်တေးဂီတအဖွဲ့ U2 အဖွဲ့ဝင်အဆိုတော် ဘိုနိုက မြန်မာနိုင်ငံရွေးကောက်ပွဲဟာ ဆယ်စုနှစ်သုံးခုအတွင်းမှာ အောင်မြင်မှုရယူနိုင်ခဲ့ ပြီလို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။ အရောင်မှိန်တဲ့ မျှော်လင့်ချက်၊ မရောရာမှု၊ ပွင့်လင်းမြင်သာမှု၊ ဒီမိုကရေစီ လျှောက်လမ်းမှာ တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်မှာတော့ စစ်အစိုးရဟာ နေရာဖယ်ပေးခဲ့ရ ပြီလို့ အင်္ဂလန်နိုင်ငံအခြေစိုက် သည်ဒေးလီးမက်ရှ်သတင်းမှာ ဖော်ပြပါတယ်။ ဘိုနိုဟာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အမြင့်ဆုံးဆု Ambassador of Conscience ကို ဒဗလင်မြို့မှာ ချီးမြ့င့်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အ တွက် အမှတ်တရအားပေးစပ်ဆိုထားတဲ့ “ဆက်လျှောက်နေပါ” ဆိုတဲ့ သီချင်းကို သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူဖြစ်တယ်ဆိုတာကို နိုင်ငံတကာကသိအောင် ပြောပြခဲ့သူလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up