A d v e r t i s e m e n t With Us

ထိတ်လန့်ဖွယ် တရုတ်မြေပြိုမှု (ရုပ်သံ)

တရုတ်နိုင်ငံ၊ ရှန်ဇီးခရိုင်၊ ဟန်ကျိုးမြို့က လမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၈ ရက်နေ့က မြေပြိုမှုဖြစ်ခဲ့ပြီး သစ်ပင်တွေ အမြစ်မှကျွတ်ထွက်ကာ လမ်းပျက်စီးခဲ့ပါတယ်။ အမှတ် ၂၁၀ အမျိုးသားလမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ မြေပြိုကျမှုကြောင့် တောင်ကုန်းပေါ်မှ မြေကြီးနဲ့ ကျောက်တုံးကျောက်ခဲ ကုဗမီတာ ၁ သောင်းကျော်လောက် ပြိုကျလာခဲ့ပြီး လမ်းဟာ မီတာ ၁၀၀ ကျော်လောက် အောက်ကို ဖုံးအုပ်သွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သစ်ပင်တွေလည်း ဒါဇင်နဲ့ချီကာ အမြစ်ကကျွတ်ထွက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ ဆိုးဝါးတဲ့ လမ်းပိတ်ဆို့မှုကြောင့် ယာဉ်တွေ ရာနဲ့ချီ လမ်းမပေါ် သောင်တင်နေခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ တယောက်မှမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up