မြန်မာ မဲဆန္ဒရှင်များဆီကနေ ထိုင်းသင်ယူသင့်ဟု ထိုင်းဝန်ကြီးချုပ်ပြော

General Prayuth Chan-ocha (C), chief of the Royal Thai Army, answers questions from the media while attending national Children's Day at The Army base in central Bangkok January 11, 2014. REUTERS/Athit Perawongmetha
ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာ မဲဆန္ဒရှင်တွေဆီကနေ သင်ယူသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အစိုးရအဖွဲ့ကို ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲကျင်းပရင် မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်းလောက်ပဲ မဲပေးကြတာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မြန်မာက မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့တာကို ရည်ညွှန်းပြောဆိုလိုက်တာလို့ ထိုင်းနေရှင်းသတင်းက  ရေးပါတယ်။ ထိုင်းအများစုက တာဝန်ကို လျစ်လျူရှုသလို နိုင်ငံရဲ့ ကံကြမ္မာကို ၄၀ ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်တာဟာ မမျှတဘူးလို့ လည်းပရာယွတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့  ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသား အများစုဟာ မဲပေးဖို့အတွက် မနက်မိုးလင်းကတည်းက ညနေ မဲရုံပိတ်တဲ့အထိ တန်းစီစောင့်ဆိုင်း မဲပေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up