Home
မြန်မာသတင်း
ကျေးသီးမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား ဒေသခံများထွက်ပြေးတိမ်းရှောင်
DVB
·
November 10, 2015
ရှမ်းပြည်နယ် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းကနေ မွန်းတဲ့ ၁၂ နာရီလောက်အထိ မိုင်းနောင်အခြေစိုက် အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ နေရဘဲ ထွက်ပြေးတိမ်းခဲ့ရတယ်လို့ မိုင်းနောင်မြို့ ရပ်ကွက် ၃ မှာနေထိုင်တဲ့ ဦးရှဲကြာက ပြောပါတယ်။ “ဖြစ်တာကကျနော်တို့ လားဟူရွာနဲ့ မိုင်းနောင်မြို့အလယ်မှာပေါ့။ စစ်တပ်က လေယာဉ် ၂ စီးနဲ့လာပြီး နည်းနည်းပါးပါးတော့ ပစ်ခဲ့တယ်။ အခု လူလည်းတယောက်မှ မရှိတော့ဘူး။ တခြားနေရာတွေ ပြေးကုန်ပြီ။ နီးစပ်ရာ မြို့တွေရွာတွေပြေးကုန်ပြီ။ ” တိုက်ပွဲတွေကြောင့် လူတွေထိခိုက် သေဆုံးမှုနဲ့ အပျက်အစီးတွေ ဘယ်လိုရှိလဲဆိုတာ ရွာထဲမ၀င်ရဲလို့ မသိရသေးဘူးလို့ လည်း ဦးရှဲကြာက ပြောပါတယ်။ တချို့ဒေသခံတွေကတော့ တခြားမြို့တွေရွာတွေကို မပြေးဘဲ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံ နေကြတယ်လို့သိရပါတယ်။ ကျေးသီးမြို့နယ်ဟာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတခုဖြစ်ပါတယ်။ ဓာတ်ပုံ - Seng Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024