A d v e r t i s e m e n t With Us

မျှော်မှန်းသည်ထက် မြန်မာ့ရွေးကောက်ပွဲ ပိုကောင်းဟု အီးယူ စောင့်ကြည့်ရေး အဖွဲ့ပြော

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မျှော်မှန်းထားတာထက်ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဥရောပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အနာဂတ်ကာလမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ပြုပြုင်ပြောင်းလဲမှုတွေ လိုတယ်လို့ အဖွဲ့ခေါင်းဆောင် အလက်ဇန္ဒားဂရက်ဖ်လမ်းဒေါ့ဖ်က နိုဝင်ဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ရွေးကောက်ပွဲမတိုင်ခင်မျှော်မှန်းထားတာထက် ရွေးကောက်ပွဲဖြစ်စဉ်က ပိုမို ကောင်းမွန်ခဲ့ပါတယ်။ မဲရုံတွေ မဲပေးတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ကောက်ခံရရှိခဲ့တဲ့ အချက်အလက် ၉၅ ရာခိုင်နှုန်းကတော့ အတော်ကို ကောင်းမွန်ခဲ့ပါတယ်။ ဒီကိန်းဂဏာန်းက အတော့်ကို ကောင်းမွန်တဲ့ ရလဒ်ပါ”လို့ သူက ပြောပါတယ်။ မဲဆန္ဒရှင်နဲ့ ဆိုင်တဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေက ပွင့်လင်းမြင်သာမှုမရှိသလို မြို့နယ်အဆင့်မှာ မဲဆန္ဒနယ်ပြင်ပက ကြိုတင်မဲ ရေတွက်မှု ဖြစ်ပွားခဲ့တာတွေကိုလည်း ဆက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ အနာဂတ်ကာလမှာ စစ်မှန်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် အခြေခံဖွဲ့စည်းပုံနဲ့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ နိုင်ငံတကာက စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာတော့ လွှတ်တော်တခုအတွက် အမတ်နေရာ ၁၀၀ ရာခိုင်နှုန်းလုံးကို ရွေးချယ်တင်မြောက်ရပေမယ့် ဒီနေရာမှာ မတူကွဲပြားနေသလို အနာဂတ် စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ ဒီဖြစ်ရပ်ကို ရင်ဆိုင်ဖို့ကျန်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် အမျိုးသမီးနဲ့ လူနည်းစုတွေ ရွေးကောက်ပွဲမှာ ပိုမို ပါဝင်လာဖို့ လမ်းဒေါ့ဖ်က တောင်းဆိုပါတယ်။ ရွေးကောက်ပွဲ မီဒီယာ သတင်းတင်ပြချက်တွေမှာတော့ အစိုးရသတင်းတွေက ရွေးကောက်ပွဲကော်မရှင်၊ သမ္မတနဲ့ အစိုးရတို့ရဲ့ လုပ်ဆောင်ချက်တွေကို အာရုံစိုက်ခဲ့ပေမယ့် ပုဂ္ဂလိကပိုင် သတင်းစာတွေ၊ လူမှုရေး ကွန်ရက်နဲ့ နိုင်ငံခြား မီဒီယာတွေက လှုပ်ရှားမှုသတင်းတွေကို ပိုပြီး အသေးစိတ်တင်ပြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up