Home
ပညာရေး/နည်းပညာ
ဧရာဝတီ ဆယ်တန်း​ကျောင်း​သား​များ​ တ​နေ့​ဆယ်နာရီ ​ကျောင်း​တက်​နေရ
ရွှေအောင်
·
July 5, 2011
ဧရာဝတီတိုင်း​ထဲက ဆယ်တန်း​ကျောင်း​သား​တွေအား​လုံး​ မနက်ခုနှစ်နာရီက​နေ ည​နေငါး​နာရီအထိ တ​နေ့​ ဆယ်နာရီ ​ကျောင်း​တက်​နေကြရတယ်လို့​ ဖျာပုံမြို့​ခံတဦး​က ​ပြောပါတယ်။ ဧရာဝတီတိုင်း​၊​ ဝန်ကြီး​ချုပ် ဦး​သိန်း​အောင်ရဲ့​ အမိန့်​အရ အခုလို ​ကျောင်း​တက်​နေကြရတာလို့​ ဆိုပါတယ်။ ဧရာဝတီတိုင်း​ထဲ လာမယ့်​နှစ် ဆယ်တန်း​အောင်ချက်ဟာ ၃၅ ရာခိုင်နှုန်း​အထက်မှာ ရှိရမယ်၊​ အထက်တန်း​ကျောင်း​တ​ကျောင်း​ကို ငါး​ဘာသာ ဂုဏ်ထူး​ရှင်တဦး​ အနည်း​ဆုံး​ ​ပေါ်ထွက်ရမယ်လို့​ ဝန်ကြီး​ချုပ်က ညွှန်ကြား​ချက်​ပေး​ပြီး​တဲ့​နောက် ဇူလိုင် ၁ ရက်ကစလို့​ အခုလို ​ကျောင်း​ချိန်​တွေ ​ပြောင်း​လဲပြီး​ ​ကျောင်း​တက်​နေကြရတာဖြစ်ပါတယ်။ ဧရာဝတီတိုင်း​၊​ ဖျာပုံမြို့​ခံတဦး​က ​ကျောင်း​ချိန်​ပြောင်း​ပြီး​ တက်ရတာ​ကြောင့်​ ​ကျောင်း​သား​နဲ့​ ဆရာဆရာမ​တွေ အဆင်မ​ပြေဖြစ်​နေပုံ​တွေကို ခုလို​ပြောပြပါတယ်။ “ပညာ​ရေး​အတွက်ကို လိုလား​တဲ့​သူအဖို့​က​တော့​ နည်း​နည်း​ကောင်း​ပါတယ်။ ဆရာဆရာမ​တွေအတွက်​တော့​ မနက်​စော​စော ၇ နာရီဆို​တော့​ မိသား​စုစား​ဝတ်​နေ​ရေး​အတွက် ချက်ရပြုတ်ရ လုပ်ရကိုင်ရနဲ့​ ​ကျောင်း​မီ​အောင် သွား​ရတာနဲ့​ နည်း​နည်း​ကသီတာ​ပေါ့​။ ဆရာမကလည်း​ မြို့​ပေါ်ကဆရာမဆို ပြဿနာမရှိဘူး​။ နယ်က​နေ သ​င်္ဘောနဲ့​လာတက်ရ​တော့​ မနက် ၅ နာရီ ထရတယ်။ သ​င်္ဘောက ၅ နာရီခွဲ​လောက်စီး​။ ဖျာပုံမြို့​ကို ၆ နာရီ​လောက်မှာ​ရောက်။ အဲဒီက​နေ ကုန်း​ကြောင်း​နဲ့​ ​ကျောင်း​ကိုမီ​အောင်လာရ​တော့​ ကသီတာ​ပေါ့​။” ကျောင်း​ချိန်အသစ်အရ တ​နေ့​ကို ဆယ်နာရီ ​ကျောင်း​တက်​နေကြရတာဖြစ်ပြီး​ အရင်က မနက်ကိုး​နာရီခွဲက​နေ ည​နေ​လေး​နာရီအထိပဲ ​ကျောင်း​တက်ကြရတာ ဖြစ်ပါတယ်။ အခုလို တရက် ဆယ်နာရီ​လောက် ​ကျောင်း​တက်​နေရတာနဲ့​ပတ်သက်ပြီး​ ထိုင်း​နိုင်ငံအ​ခြေစိုက် က​လေး​တွေ ပညာ​ရေး​ ​ဆောင်ရွက်​ပေး​နေတဲ့​ ​ဒေါက်တာဦး​သိန်း​ လွင်က ​ယေဘုယျအား​ဖြင့်​တော့​ ​ကျောင်း​စာသင်ချိန်ဟာ ငါး​နာရီထက်မပိုဘူး​လို့​ ​ပြော ပါတယ်။ အခုလို ​ကျောင်း​ချိန်တိုး​တာနဲ့​လည်း​ ပညာ​ရေး​ မ​ကောင်း​လာနိုင်ဘူး​လို့​လည်း​ ခုလို​ပြောပါတယ်။ “ကျ​နော့်​အမြင် အဲလိုမျိုး​ ​ကျောင်း​သား​တွေကို ဖိအား​ပေး​ရုံနဲ့​ က​လေး​တွေ ထူး​ချွန်မလာနိုင်ဘူး​။ က​လေး​တွေ ထူး​ချွန်လာ​အောင်ဆိုရင် လွတ်လွတ်လပ်လပ် သင်ယူခွင့်​ရှိတဲ့​ ပတ်ဝန်း​ကျင်မှာမှ တကယ်သင်ယူမှ တတ်မှာ။ ​ကျောင်း​သား​အရွယ်က ကစား​ဖို့​အချိန်တို့​ တခြား​လေ့​လာဖို့​ အချိန်တို့​ အများ​ကြီး​ လိုအပ်​သေး​တယ်။ လူမှု​ရေး​တို့​ အား​ကစား​တို့​ တခြား​လိုအပ်တဲ့​ လူမှု​ရေး​တွေ အား​ကစား​တွေကို အချိန်မ​ပေး​တော့​ပဲနဲ့​ စာသင်ခန်း​ထဲမှာပဲ အချိန်ပြည့်​ထား​ရင် က​လေး​တွေလည်း​ ငြီး​ငွေ့​ပြီး​တော့​ ဘာမှထူး​မှာ မဟုတ်ဘူး​။ အဲလိုလုပ်တာ ဘာမှအကျိုး​ မရှိဘူး​။ က​လေး​တွေတကယ် တတ်​စေချင်တယ်ဆိုရင် လွတ်လပ်​ပေါ့​ပါး​ပြီး​တော့​ သင်နိုင်တဲ့​ပတ်ဝန်း​ကျင် လိုအပ်တဲ့​ အ​ထောက်အကူ ပစ္စည်း​တွေနဲ့​ ကျွမ်း​ကျင်တဲ့​ ဆရာ​တွေနဲ့​ သင်တဲ့​နည်း​ အဲလို​ပြောင်း​မှ က​လေး​တွေ ထူး​ချွန်မယ်။ အချိန်ပြည့်​ စာသင်ခန်း​ထဲမှာ ထည့်​ထား​တာ​တော့​ ထူး​ချွန်လာမှာမဟုတ်ဘူး​။” ပြီး​ခဲ့​တဲ့​ ဆယ်တန်း​အောင်ချက်မှာ ဧရာဝတီတိုင်း​ဟာ ​အောင်ချက် ၃၁ ရာခိုင်နှုန်း​ရှိခဲ့​ပြီး​ ပြည်နယ်တိုင်း​ ၁၄ ခုအနက် တတိယအနိမ့်​ဆုံး​အဆင့်​မှာ ရှိခဲ့​ပြီး​ သူ့​နောက်မှာ ချင်း​နဲ့​ကယား​ပြည်နယ်တို့​ပဲရှိပါတယ်။ တတိုင်း​လုံး​မှာ ဘာသာစုံဂုဏ်ထူး​ထွက်သူ ရှစ်ဦး​ပဲ ရှိခဲ့​တဲ့​အတွက် လာမယ့်​နှစ် ​အောင်ချက်​ကောင်း​အောင် လုပ်​ဆောင်​နေတာလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024