အိန္ဒိယတွင် ဒေါ်အောင်ဆန်းစုကြည်ပုံတူ သဲပန်းပု ဖန်တီးဂုဏ်ပြု
DVB
·
November 10, 2015
အိန္ဒိယနိုင်ငံမှ သဲပန်းပုအနုပညာရှင် ဆူဒါဆန်ပတ်တ်နိုက်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရဖြစ်တဲ့ ပထမဆုံးရွေးကောက်ပွဲအတွက် မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ သဲပန်းပုလက်ရာကို အိန္ဒိယနိုင်ငံ၊ အိုဒီရှာခရိုင်၊ ပူရီကမ်းခြေမှာ ဖန်တီးခဲ့ပါတယ်။
အဲဒီသဲပန်းချီမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အတူ “ဂုဏ်ယူပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်။ သက်တမ်းရှည်ကြာတဲ့ ဒီမိုကရေစီသက်တမ်းနဲ့အတူရှိနိုင်ပါစေ”လို့ ဖော်ပြထားတာပါ။