မြန်မာအမျိုးသမီးတဦးကိုသတ်ပြီး ဖျောက်ဖျက်ခဲ့မှုသံသယနဲ့ အသက် ၃၉ နှစ် လာအို အမျိုးသားတဦးကို ထိုင်းရဲကဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။
အသက် ၂၇ နှစ် ရှမ်းပြည်နယ်ဇာတိ မြန်မာအမျိုးသမီး မာလီကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိတ်အမွှာမွှာ ပိုင်းဖြတ် စွန့်ပစ်ခဲ့တာကို အောက်တိုဘာ ၈ ရက်က တွေ့ရှိခဲ့သလို သံသယရှိတဲ့ ဂျိုင်ကမ်ဝမ်ခန်းကို ဘန်ကောက် ရန်ကန်ဟန်က ဘန်ကပိမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
သံသယနဲ့ ဖမ်းဆီးခံရသူကတော့ ရာဇ၀တ်မှုအတွက် ၀န်ခံခဲ့သလို အငြင်းပွားပြီး အမျိုးသမီးကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မြေသြဇာ အိတ်ထဲမှာ ထည့်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းကို မလာခင် လာအို သားသတ်ရုံမှာ ဂျိုင်ဟာ အလုပ်လုပ်ခဲ့ဖူးသလို ထိုင်းက စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
ဂျိုင်တိုက်ခန်းကို ရှာဖွေရာမှာတော့ မာလီရဲ့ မိုဘိုင်းဖုန်းကို တွေ့ရှိခဲ့ရသလို အိမ်သာမှာ သွေးတွေ စွန်းပေးနေတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဒီအန်အေ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘန်ကောက်က နေရာ အနှံမှာ စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
အသတ်ခံရသူရဲ့ ရည်းစားက ညို့သကျဉ်းနဲ့ ပေါင်က တက်တူးတွေကို ကြည့်ပြီး မာလီဆိုတာ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မာလီဟာ ကာရာအိုကေမှာ အလုပ်လုပ်နေပြီး နိုဝင်ဘာ ၅ ရက်က ပျောက်ဆုံးသွားပါတယ်။