A d v e r t i s e m e n t With Us

ချင်းပြည်နယ် မင်းတပ်တွင် အန်အယ်လ်ဒီ လွှတ်တော် ၃ ရပ်လုံး အနိုင်ရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အန်အယ်လ်ဒီပါတီက လွှတ်တော် ၃ ရပ်လုံးမှာ အနိုင်ရရှိတယ်လို့ ပါတီက ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက မဲပေါင်း ၇၉၅၀၊ ဒုတိယအနေနဲ့ ပြည်ခိုင်ဖြိုးက ၅၇၄၀ ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် အန်အယ်လ်ဒီက ၈၂၆၀၊ ပြည်ခိုင်ဖြိုးက ၅၅၂၀ ရရှိခဲ့ပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာ အန်အယ်လ်ဒီပါတီက မဲရလဒ် ၃၄၄၅ ဒုတိယအနေနဲ့ ချင်းဒီမိုကရေစီပါတီက ၂၆၆၀၊ ပြည်နယ်လွှတ်တော်အမှတ် ၂ မှာ အန်အယ်လ်ဒီပါတီိက ၃၈၇၀ နဲ့ ပြည်ခိုင်ဖြိုးက ၃၄၇၈ တို့ ရလဒ်တွေ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မြို့နယ်ကော်မရှင်ကတော့ ခုချိန်ထိ ထုတ်ပြန်ကြေညာတာမရှိဘဲ ပြည်နယ်ကပဲ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up