A d v e r t i s e m e n t With Us

အသင်းပိုင်ရှင် ထောက်ခံမှုကို ချဲလ်ဆီးနည်းပြ မော်ရင်ဟို ရနေဆဲ

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးကလပ်အသင်း ပိုင်ရှင် ရိုမန် အဗရာမိုဗစ်ခ်ျရဲ့ ထောက်ခံချက်ကို အသင်းနည်းပြ မော်ရင်ဟိုက ဆက်လက်ရရှိနေပါတယ်။ ဒီအတွက် အစားထိုးမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတဲ့ မော်ရင်ဟို နည်းပြ ရာထူး နေရာဟာ အနည်းငယ် တည်ငြိမ်နေတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ ဒါအပြင် အသင်းက ကစားသမားတွေကလည်း မော်ရင်ဟိုကို ထောက်ခံတယ်လို့ အသင်းဂိုးသမား ဘတ်ဂိုဗစ်က ပြောပါတယ်။ နိုဝင်ဘာ ၇ ရက်က ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၇ ပွဲမြောက် ရှုံးပွဲအဖြစ် စတုတ် အသင်းကို ရှုံးနိမ့်သွားပြီး တန်းဆင်းဇုန်အထက် နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲမှာ တပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မော်ရင်ဟိုက ပွဲကြီးကြပ်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒီအတွက် မော်ရင်ဟိုကို ထုတ်ပယ်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာတော့ အိမ်ကွင်းမှာ နောဝှစ်ခ်ျ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up