A d v e r t i s e m e n t With Us

ရီးရဲလ်ဆိုဆီဒက်နည်းပြ ဒေးဗစ် မိုးရက်စ်ကို ထုတ်ပယ်

စပိန်လာလီဂါက ရုန်းကန်နေရတဲ့ ရီးရဲလ်ဆိုဆီဒက်အသင်းဟာ နည်းပြ ဒေးဗစ်မိုရက်စ်ကို ထုတ်ပယ်လိုက်ပါတယ်။ မိုရက်စ်နဲ့ တနှစ်တာ စာချုပ်ကို ပယ်ဖျက်လိုက်ပြီလို့ ဆိုဆီဒက်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ သူနဲ့ အတူ လက်ထောက်နည်းပြ ဘီလီမက်ကင်လေးကိုပါ ထုတ်ပယ်လိုက်ပါတယ်။ ၂၀၁၇ ဇွန်အထိ ခေါ်ယူထားတဲ့ ဘာစီလိုနာ လက်ထောက်နည်းပြဟောင်း အူဆီဘီအို ဆာခ ရစ္စတန်ကို မိုရက်စ်နေရာကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ဧပြီက မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် ဆိုဆီဒက်နည်းပြ အလုပ်ဟာ မိုရက်စ်ရဲ့ ပထမဆုံးအလုပ်လည်း ဖြစ်ပါတယ်။ ဆိုဆီဒက်အတွက် ၄၂ပွဲမှာ ၁၂ ပွဲနိုင်ပြီး ၁၅ ပွဲရှုံး ၁၅ ပွဲသရေကျထားပါတယ်။ နိုဝင်ဘာ ၆ ရက် ဆိုဆီဒက်က လာစ့်ပါးမက်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပြီးတဲ့နောက် ဂိုးကွားခြားချက်နဲ့ အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အထက် နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၄ နိုဝင်ဘာက စတင်ပြီး အသက် ၅၂ နှစ် မိုးရက်စ်က ဆိုဆီဒက်ကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up