A d v e r t i s e m e n t With Us

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ် ၈ ခုတွင် အနိုင်ရ

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဟာ ဒီညနေ ၂ နာရီ ခွဲက တက်လာတဲ့ ပါတီတွင်းစာရင်းတွေအရ  ရှမ်းပြည်နယ် မြို့နယ် ၈ ခုက လွှတ်တော် ၃ ရပ်စလုံးမှာ အနိုင်ရနေပါတယ်။ ကချင်၊ ရှမ်းနဲ့ ကယား ပြည်နယ် ၃ ခုနဲ့ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်ပေါင်း ( ) ခုမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကျားခေါင်းပါတီဟာ လောလောဆယ် ရှမ်းပြည်နယ်က မြို့နယ် ၈ ခုမှာတော့ မဲအပြတ်အသတ်နဲ့ အနိုင်ရနေတယ်လို့  ပါတီဗဟိုကော်မတီဝင် စိုင်းသူရိန်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “စားရင်းအားလုံးတော့ မချုပ်နိုင်သေးပါဘူး။ လောလောဆယ်တက်လာတဲ့ မဲစာရင်းတွေအရ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ် ၊ သီပေါ၊ ကျောက်မဲနဲ့ တောင်ပိုင်းက မိုင်းကိုင် ၊ လဲချား ၊ ကွန်ဟိန်း၊ မိုးနဲနဲ့ လင်းခေးစတဲ့မြို့နယ် ၄ ခုက အမျိုးသားလွှတ်တော်၊  ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၃ ရပ်စလုံးမှာ  ပြိုင်ဘက်ပါတီတွေထက် မဲအပြတ်အသတ်နဲ့ နိုင်နေပါတယ်ခင်ဗျ။” လားရှိုးမြို့နယ်မှာတော့ မနေ့က အမျိုးသားလွှတ်တော်နေရာမှာ ဆန္ဒမဲအရေအတွက် အား သာနေပေမယ့်  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေ အများအပြား ၀င်ရောက်လာလို့  ရှုံးနိမ့်နေကြောင်း၊  အဆိုပါ ပါတီဘက်က ကြိုတင်မဲတွေ မယုံကြည်နိုင်လောက်အောင် များလွန်းတဲ့အတွက် ရွေးကောက်ပွဲ ဆိုင်ရာစည်းမျဉ်းအတိုင်း ဆောင်ရွက်ပေးဖို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up