A d v e r t i s e m e n t With Us

ကိုပါကြီး၏ဇနီး ဒေါ်သန္တာ အိမ်မဲမြို့နယ်တွင် ရွေးကောက်ပွဲအနိုင်ရ

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်သန္တာလည်း ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တာ အနိုင်ရတယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။ ဒေါ်သန္တာဟာ မနှစ်က စစ်တပ်အချုပ်မှာ သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီး ဖြစ်ပါတယ်။  အိမ်မဲမြို့နယ်မှာ အန်အယ်လ်ဒီက နေရာ ၅ ခုစလုံးမှာ အနိုင်ရတယ်လို့လည်း ဒေါ်သန္တာက ဒီဗွီဘီကို ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်အနေနဲ့ မဲဆန္ဒနယ်မြေ ၉၂ နေရာမှာ ၈၉ နေရာနဲ့ ဦးဆောင်နေတယ်လို့  ဧရာဝတီတိုင်းဒေသကြီး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up