A d v e r t i s e m e n t With Us

မင်းလှ၊ အုတ်ဖို၊ မိုညိုမြို့များတွင် အန်အယ်လ်ဒီ အသာစီးရ

ပဲခူးမြို့မှ အန်အယ်လ်ဒီပါတီကို ထောက်ခံသူများ။ (ဓာတ်ပုံ - ကောင်းထက်ကျော်)
ပဲခူးတိုင်းဒေသကြီး မင်းလှ၊ အုတ်ဖို၊ မိုးညိုမြို့တွေမှာ အန်အယ်လ်ဒီက ပြည်ခိုင်ဖြိုးပါတီထက် မဲရလဒ် ၂ ဆကျော်နဲ့ အသာစီးရနေပါတယ်။ မင်းလှမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂၊ တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေအတွက် အန်အယ်လ်ဒီက ၁၃၃၉၁၇ မဲ၊ ပြည်ခိုင်ဖြိုးက ၅၃၁၈၉ မဲ ရရှိထားပါတယ်။ မိုးညိုမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂ ကိုယ်စားလှယ်နေရာတွေအတွက် အန်အယ်လ်ဒီက ၁၂၆၀၀၄ မဲ၊ ပြည်ခိုင်ဖြိုးက ၅၆၇၇၈ မဲ ရရှိထားပါတယ်။ အုတ်ဖိုမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂၊ တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေအတွက် အန်အယ်လ်ဒီက ၁၄၀၇၄၄ မဲ၊ ပြည်ခိုင်ဖြိုးက ၅၃၃၂၄ မဲ ရရှိထားပါတယ်။ ဒီရလဒ်တွေကို သက်ဆိုင်ရာ ကိုယ်စားလှယ်နဲ့ ကော်မရှင်တွေက အတည်ပြုထားပြီးပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကြောင့် ထုတ်ပြန်တာတော့ မလုပ်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up