A d v e r t i s e m e n t With Us

တနင်္သာရီတိုင်း တတိုင်းလုံး အန်အယ်လ်ဒီနိုင်

တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ၀င်ပြိုင်တဲ့ တနင်္သာရီမြို့နယ် အပါအ၀င် တတိုင်းလုံးမှာ အန်အယ်လ်ဒီပါတီ ရာနှုန်းပြည့် အနိုင်ရရှိခဲ့တယ်လို့ တိုင်းအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးလှမင်းက ဒီဗွီဘီကို ပြောပါတယ်။ “တတိုင်းလုံး ရာနှုန်းပြည့်နိုင်တယ်၊ တနင်္သသာရီတိုင်း ၀န်ကြီးချုပ်နဲ့ ဦးခင်ဇော်ဦးတို့ ၀င်ပြိုင်တဲ့ နေရာတွေမှာလည်း အန်အယ်လ်ဒီပဲ နိုင်တယ်၊ ကရင်တိုင်းရင်းသားဝန်ကြီးနေရာ ပြိုင်တဲ့ ဦးစောလုကာ တယောက်ပဲ မဲရေတုန်းမို့ ပြောမရသေးဘူး။” တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဟိန်းက ဆန္ဒမဲ ၃ သောင်း ၃ ထောင်ကျော်ရပြီး ပြိုင်ဘက် ဦးခင်ဇော်ဦးက ၉၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ဦးခင်ဇော်ဦးဟာ အရင် စစ်အစိုးရလက်ထက် တနင်္သာရီတိုင်း၊ စစ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တပ်မတော်မှာ စစ်ရေးချုပ်တာဝန်အထိ အဆင့်မြင့် တာဝန်ထမ်းဆောင်ခဲ့ကာ မကြာသေးခင်ကမှ စစ်တပ်က အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းအတွင်း တနင်္သာရီ၊ ကော့သောင်း၊ မြိတ်၊ စတဲ့ မြို့နယ် ၁၀ ခုအတွင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၄၃ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၁၅ရွေးကောက်ပွဲ ရလာဒ်တွေကို နိုဝင်ဘာ ၉ ရက် ညနေပိုင်းကစပြီး တရားဝင်ကြေညာပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up