A d v e r t i s e m e n t With Us

ရခိုင်အမျိုးသားလွှတ်တော်အမတ် ဦးအေးသာအောင် အနိုင်ရ

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်ထဲမှာ အမျိုးသားလွှတ်တော်အမတ် နေရာက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်ဟာ ပြိုင်ဘက်ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မနေ့က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက တက်လာတဲ့ မဲစာရင်းတွေအရ ရခိုင်အမျိုးသားပါတီဟာ မဲအများဆုံး အသာစီးရနေတယ်လို့ ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။ "မဲက တော်တော်လေးကွာပါတယ်ခင်ဗျ၊ အပြတ်သတ်နဲ့ နိုင်ပါတယ်။ ဥပမာ မြေပုံမြို့နယ် ရေဆင်းဆိုတဲ့ကျေးရွာမှာ မဲပေးခွင့်ရှိသူ ၆၀၀ ကျော်ရှိတာ ကျနော်က ၅၀၀ ကျော်ရတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၀၀ ကျော်၊ ကျန်တာက အနည်းအကျဉ်းပဲ၊ ရွာတွေက မဲစာရင်းတွေ နောက်ထပ်တက်လာဖို့ ရှိပါသေးတယ်။" ဒါပေမယ့်လည်း ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ဘယ်လိုနည်းနဲ့ မသမာမဲတွေ ထပ်ပြီးတက်လာမလဲ ဆိုတာတော့ စိုးရိမ်မကင်း ဖြစ်နေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။ မင်းပြားနဲ့ မြေပုံမြို့နယ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တဆညပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ချင်းအမျိုးသားပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up