A d v e r t i s e m e n t With Us

မြန်မာပြည်သူများ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်းကို ယင်လတ် ဂုဏ်ပြု

ဓာတ်ပုံ - ရိုက်တာ
မြန်မာနိုင်ငံသားတွေ ၈၀ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးခဲ့တာကို ဂုဏ်ယူတဲ့အကြောင်း ထိုင်းနိုင်ငံ  ၀န်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်က ပြောပါတယ်။ တိုင်းပြည်ပြောင်းလဲရေးအတွက် ၈၀ ရာခိုင်နှုန်းသော နိုင်ငံသားတွေ ပူးပေါင်းခဲ့တာဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ယင်းလတ်က လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးပါတယ်။ နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ ကြိုတင် မျှော်လင့်ချက်တွေကြောင့် တည်ငြိမ်မှုနဲ့ ရှေ့ဆက်နိုင်ဖို့ ကမ္ဘာကြီးက ထောက်ခံမှုနဲ့ ကောင်းမွန်တဲ့ဆန္ဒတွေ တိုင်းပြည်နဲ့ နိုင်ငံသားတွေကို ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up