တိုင်းဒေသကြီး ၇ ခုတွင် အန်အယ်လ်ဒီ ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရနေ

3.8K
နိုဝင်ဘာ ၉ ရက် မနက်အထိ ရရှိထားတဲ့ ရွေးကောက်ပွဲ အကြိုမဲရလဒ် စာရင်းတွေအရ ရန်ကုန်တိုင်း အပါအ၀င် တိုင်းဒေသကြီး ၇ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရနေဟု အန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။