နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲ ပဲခူးတိုင်း ဖြူးမြို့နယ် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။
ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်အနိုင်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင် ချီးကျူး စကားပြောဆိုခဲ့သလို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးရွှေမန်းရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာကနေ တဆင့် ကြေညာပါတယ်။
ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သူရဦးရွှေမန်းနဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါ်နန်းခင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန်းညွှန့်၊ တသီးပုဂ္ဂလအဖြစ် ဦးကိုကိုကျော်နဲ့ ဒေါ်မြတ်နုခိုင်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါ်နန်းစန်းစန်းယု၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်တင်မာဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။