A d v e r t i s e m e n t With Us

ဇမ္ဗူသီရိတွင် ဦးဖြိုးဇေယျာသော် အနိုင်ရ

ဓာတ်ပုံ - ဦးဖြိုးဇေယျာသော်
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီ ကိုယ်စားပြု ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။ “ပုံစံ (၁၆)များ စုံလင်စွာမရောက်လာသေးတဲ့အတွက် မဲအရေအတွက် အတိအကျ ပြောလို့မရသေးပေမယ့် NLD မှ မဲ ၂၃၀၀၀ ကျော်နှင့် USDP မှ မဲ ၂၀၀၀၀ကျော် ဖြင့် ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရရှိပါပြီ”လို့ ဦးဖြိုးဇေယျာသော်က လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။ ပြည်သူ့လွှတ်တော်အတွက် လေတပ်ဦးစီးချုပ်ဟောင်းလည်းဖြစ် ဆက်သွယ်ရေး ၀န်ကြီးလည်း ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမြတ်ဟိန်းနဲ့ ဦးဖြိုးဇေယျာသော်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up