A d v e r t i s e m e n t With Us

ရီးရဲလ်မက်ဒရစ် ပထမဆုံး ရှုံးပွဲတွေ့ (ရုပ်သံ)

စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းက ဆီးဗီးလားကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး လာလီဂါမှာ ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်သွားခဲ့ရပါတယ်။ ပထမပိုင်း ၂၁ မိနစ်မှာ ရီးရဲလ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၃၆ မိနစ်မှာ ဆီးဗီးလားက ချေပဂိုးသွင်းယူပြီး ပထမပိုင်းမှာ ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်း ၆၁ နဲ့ ၇၄ မိနစ်မှာ ဆီးဗီးလား အသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့သလို မိနစ် ၉၀မှာတော့ ရီးရဲလ်အသင်းက ချေပဂိုး တဂိုးသွင်းယူသွားတဲ့ အတွက် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ ၁၀ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီပွဲ ၃၂ မိနစ် နောက်ခံလူ ရာမိုစ့် လူစားလဲခဲ့အပြီးမှာ နောက်တန်းမှာ ဟာကွက်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခြားပွဲစဉ်မှာတော့ ဘာစီလိုနာက ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲအရှုံးကြောင့် ၁၁ ပွဲကစားအပြီးမှာတော့ ရီးရဲလ်အသင်းက ၂၄ မှတ် ဒုတိယနဲ့ ပထမနေရာက ဘာစီလိုနာနဲ့ ၃ မှတ်ပြတ်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up