A d v e r t i s e m e n t With Us

အာဆင်နယ် ၁-၁ တော့တင်ဟမ် ဟော့စပါး (ရုပ်သံ)

နိုဝင်ဘာ ၈ ရက် အင်္ဂလန်ပရီးမီးယားလိဂ် မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါး တို့ ၁ ဂိုး စီသရေကျသွားပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ စပါးအသင်းက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၇၇ မိနစ်မှာ သွင်းယူသွားပါတယ်။ ဒုတိယပိုင်းမှာ စည်းလုံးမှုကို ပြသနိုင်ခဲ့ပြီး သရေရလဒ်ဟာ ကျေနပ်စရာကောင်းတယ်လို့ အာဆင်နယ် နည်းပြ ၀င်းဂါးက ပြောပါတယ်။ ဒီပွဲသရေကျတဲ့ အတွက် အာဆင်နယ်အသင်းက ၁၂ပွဲကစား ၂၆ မှတ် အမှတ်တူနဲ့ မန်စီးတီးနောက် ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up