Home
မြန်မာသတင်း
ကလေးမြို့တွင် အန်အယ်လ်ဒီကိုပေးသည့်ကြိုတင်မဲများ ပယ်မဲဖြစ်နေ
ပိုင်စိုး
·
November 9, 2015
12193747_1063950106948979_2762371253286456523_n
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အန်အယ်လ်ဒီပါတီကိုပေးတဲ့ ကြိုတင်မဲတော်တော်များများကို အမှတ်အသားတွေပါတယ်ဆိုပြီး ပယ်မဲအဖြစ်ကော်မရှင်က သတ်မှတ်လိုက်ပါတယ်။ "မဲရုံမှူးလက်မှတ်နေရာမှာ နာမည်နဲ့ လက်မှတ်ထိုးထားတာတွေပါလာတယ်။ အန်အယ်လ်ဒီရတဲ့ မဲ ၁၈၀ ကျော်မှာ ၇၀ ကျော်မှာပါလာတာ။ မျိုးသန်းဖေ၊ ရဲအောင်သိန်း၊ ထွေးထိတ်တင်လျန် ဆိုတဲ့ လူသုံးယောက်က ထိုးထားတာတွေ" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်က ပြောပါတယ်။ ဒါကြောင့် မဲပေးသူတွေက လုပ်တာမဟုတ်ပဲ မဲတွေကို တာဝန်ယူဖြန့်ချိတဲ့သူတွေရဲ့ မသိနားမလည်တာဖြစ်နိုင်တဲ့အတွက် လက်ခံပေးဖို့ ကော်မရှင်ကို တင်ပြခဲ့ပေမယ့် အမှတ်အသားပါတဲ့ မဲလက်မှတ်အဖြစ် ပယ်မဲလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ “ကျမတို့က မှတ်တမ်းယူထားတယ်။ တိုင်းဒေသကြီးမဲတွေမှာလည်း အဲလို လက်မှတ်တွေပါလာတုန်းပဲ”လို့ ဒေါ်သန့်ဝေကျော်က ည ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ ပြောပါတယ်။ အခုအချိန်တော့ ကလေးမြို့မှာ တိုင်းဒေသကြီးအတွက် ကြိုတင်မဲတွေကို ရေတွက်နေတုန်းပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024