A d v e r t i s e m e n t With Us

အနိုင်အရှုံးကို တည်တည်ငြိမ်ငြိမ်လက်ခံရန် အန်အယ်လ်ဒီ တိုက်တွန်း

နိုဝင်ဘာ ၈ ရက်က ကျင်းပသွားတဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ်တွေကို တည်တည်ငြိမ်ငြိမ်လက်ခံဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ ပါတီနဲ့အတူ အောင်ပွဲခံဖို့ တက်တက်ကြွကြွ လာရောက်စုဝေးတာကို ကျေးဇူးတင်တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်ကနေ တိုက်တွန်းလိုက်ပါတယ်။ အပြီးသတ်ရေတွက်နိုင်ခြင်း မရှိသေးတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မိမိနေထိုင်တဲ့ နေရာကနေ မဲစာရင်းရလဒ်တွေကို စောင့်မျှော်လက်ခံကြဖို့လည်း ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up