A d v e r t i s e m e n t With Us

လားရှိုးတွင် ကျားခေါင်းပါတီ အသာရနေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ကျားခေါင်းပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) က အသာရနေပါတယ်။ နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခွဲ ရေတွက်မှုအရ ပြည်သူ့လွှတ်တော်မှာ ကျားခေါင်းပါတီမှ ၉၆၄ မဲ၊ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) မှ ၇၄ မဲ၊ အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၅၃ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၆၈၇ မဲ ရတယ်လို့  ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ကျားခေါင်းပါတီမှ ၁၁၉၈ မဲ၊ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ) မှ ၉၉ မဲ၊ အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆၀ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၇၁၀ မဲ ရတယ်လို့  ဆိုပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် - ၁ မှာဆိုရင်လည်း ကျားခေါင်းပါတီမှ ၇၀၉ မဲ ၊ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ၇၅ မဲ၊ အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ  ၄၁  မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၂၃၇ မဲ ရနေပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် -  ၂ မှာတော့ ကျားခေါင်းပါတီမှ ၄၈၇ မဲ၊ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) မှ ၃၂ မဲ၊ အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၃၆  မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၄၄၅  မဲ ရတယ်လို့  ဦးစိုင်းလိတ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up