A d v e r t i s e m e n t With Us

လှိုင်းဘွဲ့မြို့နယ်တွင် မဲစာရင်းပါပြီး မဲလာမပေးနိုင်သူ များပြား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မဲရုံတရုံတွင် မဲရေတွက်နေစဉ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မဲစားရင်းပါပေမယ့် မဲလာမပေးတဲ့သူတွေ များနေတယ်လို့ လှိုင်းဘွဲ့မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက ပြောပါတယ်။ “မဲစာရင်းပါပြီးတော့ မဲလာမထည့်တာတွေက နည်းနည်း ဦးရေများနေတယ်။ ဒါလည်း ထူးခြားဖြစ်စဉ်လို့လည်း ပြောလို့ရတာပေါ့။ တချို့နေရာမှာက တ၀က်လောက်တောင်ဖြစ်တယ်။ တချို့နေရာမှာက သုံးပုံတပုံ အဲလောက်တော့ ဖြစ်နေတာပေါ့။” ဒီလိုမဲလာမပေးနိုင်သူတွေဟာ များသောအားဖြင့် ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မဲရုံတချို့မှာလည်း မဲရုံတာဝန်ကျ ဆရာမတွေ ပြည်ခိုင်ဖြိုးပါတီကိုပဲ မဲပေးရမယ်ဆိုတဲ့ ပြောဆိုမှုမျိုးတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up