မန္တလေးတွင် မီးလောင်
အေးနိုင်
·
July 5, 2011
မန္တလေး မဟာအောင်မြေမြို့နယ်မှာ ဒီမနက် မီးလောင်လို့ အိမ်သုံးလုံး လောင်ကျွမ်းဆုံးရှုံးပါတယ်။
ဦးကျားကြီးဝင်းနဲ့ မျက်နှာချင်းဆိုင် ၃၅ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ ဖွင့်ထားတဲ့ စက်ဘီးအပိုပစ္စည်းဆိုင်နဲ့ဆိုင်ကယ်အပိုပစ္စည်းရောင်းတဲ့ တိုက်ခန်း (၃) ခန်းကို မနက်ကိုးနာရီခွဲကနေ လောင်ကျွမ်းရာမှာ ဆယ်နာရီခွဲမှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
“တိုက်ကြီးတိုက်ကောင်းတွေဖြစ်တဲ့အတွက် မီးကူးစက်မှုနှေးကွေးတယ်။ အထဲမှာက ဆိုင်ကယ်အပိုပစ္စည်းတွေ၊ စက်ဘီးအသစ်တွေ ရောင်းတာဖြစ်လို့အင်ဂျင်ဝိုင်တို့၊ တာယာတွေပါ ပါတဲ့အတွက် မီးက တော်တော်ကြီးကို လောင်ကျွမ်းတာ တွေ့ရတယ်ဗျ။”
မီးဘယ်က စတင်လောင်ကျွမ်းတယ်ဆိုတာ မသိရသေးပါဘူး။