ကချင်ပြည်နယ် မြစ်ကြီးနားတွင် သေဆုံးသူများနာမည်ကို ကြိုတင်မဲလုပ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် မဲပေးရန် စောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ - မုန်းမုန်းမင်း)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲမှာ သေဆုံးသူတွေရဲ့ အမည်ကို ကြိုတင်မဲ လုပ်တာတွေ ရှိနေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။ မဲရုံမှာ သေဆုံးသူတွေရဲ့ အမည်စာရင်းကို တော်တော်များများ တွေ့ရပြီး  ရပ်ကွက်လူကြီးတွေကလည်း ဒီအမှားကို သိလျက်နဲ့ သေသူစာရင်းကို သီးသန့်ထုတ်ပြီး ကြိုတင်မဲလုပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူသွားရောက်ကြည့်ရှုခဲ့တဲ့ ကျွန်းပင်သာအလယ်ကျွန်းရွာ မဲရုံမှာ မဲစာရင်းတူပြီး နာမည်မတူတာ၊ မဲပုံးက သေးလွန်းပြီး မဲထည့်သူများတော့ အမြန်ဝင်အောင် တုတ်နဲ့ထိုး ထည့်ရတဲ့အတွက် မဲစာရွက် ပျက်စီးမှာကို စိုးရိမ်ရတာ၊ တံဆိပ်တုံးက မင်တွေပြန့်တာ၊ တံဆိပ်တုံးမင် မှိန်နေတဲ့အတွက် တချို့က အကြိမ်ကြိမ်ပြန်ထုတာတွေ ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။ မြစ်ကြီးနားမှာ ပါတီပေါင်း ၁၂ ခု ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up