A d v e r t i s e m e n t With Us

ရှားတောမြို့နယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်ဇနီး မဲပေး (ဓာတ်ပုံ)

ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ် ဈေးပိုင်းရပ် မဲရုံအမှတ် ၁ မှာ အမျိုးသားလွှတ်တော်နေရာကို တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဇနီးတို့ ၁၁ နာခွဲအချိန်မှာ မဲပေးခဲ့ကြပါတယ်။ မဲရုံသွားတဲ့ လမ်းတလျှောက် ဦးအောင်မင်းရဲ့သမက် အဆိုတော် ရဲလေးလည်း လိုက်ပါပို့ပေးခဲ့တာပါ။ ရှားတောမြို့နယ်မှာ မဲရုံပေါင်း ၉ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၁၁၉ ဦးရှိပြီး ၂၆၇ ဦး ကြိုတင်မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ခွန်တူးတူးလေး  

A d v e r t i s e m e n t With Us

More News
Up