မန္တလေး မဲလိမ်ပေးမှုနှင့်ပတ်သက်ပြီး မဲရုံတာဝန်ရှိသူ ပြောကြားချက်
DVB
·
November 8, 2015
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ထဲက မဲရုံ နံပါတ် ၅ မှာ အမည်မသိ လူအယောက် ၁၀၀ နီးပါး ကား ၆ စီးနဲ့ မဲလာပေးတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တားမြစ်ထားပါတယ်။
၄၂ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ အခုလက်ရှိ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းနဲ့ အန်အယ်လ်ဒီ ကိုယ်စားလောင်း ဦးငြိမ်းသစ်၊ အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်းတွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ ရှင်းလင်းနေကြပါတယ်။
ကား ၆ စီးထဲက ၃ စီးက ထွက်ပြေးသွားပြီး ၃ စီး မိထားပါတယ်။ မြစ်ငယ်တိုးဂိတ်ကနေ မဲလာပေးတယ်လို့လည်း မီဒီယာတွေနဲ့ တွေ့ချိန်မှာ ကားပေါ်ပါရှိသူတဦးက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မဲရုံတာဝန်ရှိသူတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။