မြိတ်မြို့ မဲရုံအနီး မီးခိုးလုံးများကြောင့် ပြည်သူများထိတ်လန့်
DVB
·
November 8, 2015
တနင်္သာရီတိုင်း မြိတ်မြို့ အထက်ကန်ဖျားရပ် မဲရုံအမှတ် ၉ ရဲ့ အနားက ပုဂ္ဂလိက မီးအားပေးစက်ရုံမှာ မီးခိုးလုံးတွေ တက်လာလို့ အနားဝန်းကျင်က ပြည်သူတွေနဲ့ မဲလာပေးတဲ့သူတွေ ထိတ်လန့်ခဲ့ရပါတယ်။
မီးအားပေးစက်ရုံက အင်ဂျင်အသစ် ပြောင်းထားလို့ အခုလို မီးခိုးလုံးတွေ တက်လာတာလို့ စက်ရုံ အစောင့်တဦးက ပြောပါတယ်။
သတင်းဓာတ်ပုံ - မြတ်သူအောင်