A d v e r t i s e m e n t With Us

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် မြန်မာစာမတတ်သဖြင့် မဲပေးခွင့်ဆုံးရှုံး

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ထဲမှာ မြန်မာစာနဲ့ စကားကို နားမလည်တဲ့ ဒေသခံ တိုင်းရင်းသားတွေ မဲပေးဖို့ အခွင့်အရေး ဆုံးရှုံးနေတယ်လို့ မိုင်းပြင်းမြို့နယ် ကျားခေါင်းပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းနွန်းက ပြောပါတယ်။ ဒီကနေ့ မနက်က ယန်းခမ်း၊ မိုင်းမန်းနဲ့ ၀မ့်ပက် စတဲ့ရွာက မဲရုံတွေကို လိုက်ကြည့်ရာမှာ မဲရုံကို ရောက်လာကြတဲ့ ရွာသားတွေထဲက တ၀က်ကျော်ပဲ မဲပေးခွင့်ရှိကြောင်း၊ တချို့က မဲစာရင်း ကပ်ထားတုန်းက ကိုယ့်နာမည်ပါ၊ မပါ လာကြည့်ရမှန်းမသိ၊ တချို့က စာမဖတ်တတ်၊ တချို့က ဒီရောက်မှ နာမည်မပါတာ တွေ့ရကြောင်း၊ တချို့ကတော့ ပထမအကြိမ် နာမည်မပါလို့ လျှောက်လွှာတင်ခိုင်းပေမယ့် စာမရေးတတ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဆီ ပြန်တင်ပေးပေမယ့် အချိန်မမီတော့ကြောင်း၊ ရွာသားတွေဟာ မှတ်ပုံတင်ကိုင်ဆောင် တန်းစီထားကြပြီး ကိုယ့်အလှည့်ရောက်မှ မဲပေးခွင့်မရှိမှန်းသိလို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ကုန်ကာ တချို့ကတော့ တန်းစီစောင့်ဆိုင်းနေတုန်းပဲလို့ ဒေါ်နန်းနွန်းက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up