Sunday, May 28, 2023
HomeLead Storyမြိတ်တွင် မဲပေးခွင့် သက်သေခံလက်မှတ် အတုများ ထွက်ပေါ်

မြိတ်တွင် မဲပေးခွင့် သက်သေခံလက်မှတ် အတုများ ထွက်ပေါ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့သစ်ရပ်ကွက်ရှိ မဲရုံအမှတ် ၂၀၊ ၂၁၊ ၂၅ နဲ့ အင်းလေးမြိုင် စက်မှုဇုန်ရပ်ကွက်ရှိ မဲရုံအမှတ် ၂၀ တို့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်ထက် ပိုပြီးသေးငယ်တဲ့ မဲလက်မှတ်တွေနဲ့ လာရောက်မဲပေးသူများ ရှိခဲ့ပါတယ်။

အဲဒီ မဲလက်မှတ်တွေကို တာဝန်ရှိသူတဦးက ထုတ်ပြပေမယ့် ဓာတ်ပုံရိုက်ယူခွင့် မပေးခဲ့ဘဲ ကော်မရှင်ကို တင်ပြရမယ်လို့ ပြောပါတယ်။

အလားတူ အင်းလေးမြိုင်စက်မှုဇုန်ရပ်ကွက်  မဲရုံအမှတ် ၂၀ မှာလည်း မဲပေးခွင့်ရှိသူ ၇၀၀ ကျော်ထဲက အမည်စာရင်းမပါသူ ၃၀၀ လောက်ရှိနေပြီး လာရောက်မဲထည့်သူ တချို့မှာ မဲလက်မှတ် ၂ ခုပါလာကြောင်း ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။

“ကျနော် တောင်းကြည့်လိုက်တာ နာမည်၊ မှတ်ပုံတင် ကတ်ပြားနံပါတ်အားလုံး တူတယ်။ အကြီးအငယ်ပဲ ကွာသွားတယ်” လို့ အင်းလေးမြိုင် စက်မှုဇုန်ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

“ဒီမှာနေတာ ၁၀ နှစ် ကျော်ပြီ။ ရာအိမ်မှူးက စာရင်းလာကောက်တယ်။ မဲထည့်နေ့ကျတော့ အမည်က ပါမလာဘူး။ တာဝန်ရှိသူတွေကို သွားမေးတော့လည်း အချင်းချင်းဘော်လီဘော ပုတ်နေကြတယ်” လို့ ရပ်ကွက်နေသူ မနန်းက ပြောပါတယ်။

မဲပေးခွင့် သက်သေခံလက်မှတ်တုကိစ္စနဲ့ ပတ်သက်ပြီး တိုင်တန်းမှုရာချီရှိကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပြောခွင့်က ကိုအောင်နိုင်ဦးက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular