A d v e r t i s e m e n t With Us

မန္တလေးတွင် အမည်မသိလူ ၁၀၀ ခန့် ကား ၆ စီးဖြင့် မဲလာပေးမှု တားမြစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ထဲက မဲရုံ နံပါတ် ၅ မှာ အမည်မသိလူအယောက် ၁၀၀ နီးပါး ကား ၆ စီးနဲ့ မဲလာပေးတာကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက တားမြစ်ထားပါတယ်။ ၄၂ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ အခုလက်ရှိ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းနဲ့ အန်အယ်လ်ဒီ ကိုယ်စားလောင်း ဦးငြိမ်းသစ်၊ အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်းတွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ ရှင်းလင်းနေကြပါတယ်။ ကား ၆ စီးထဲက ၃ စီးက ထွက်ပြေးသွားပြီး ၃ စီး မိထားပါတယ်။ မြစ်ငယ်တိုးဂိတ်ကနေ မဲလာပေးတယ်လို့လည်း မီဒီယာတွေနဲ့ တွေ့ချိန်မှာ ကားပေါ်ပါရှိသူတဦးက ပြောပါတယ်။ ဓာတ်ပုံ - ကျော်ဇေ၀င်း

A d v e r t i s e m e n t With Us

More News
Up