A d v e r t i s e m e n t With Us

ပေါင်းတည်တွင် လူ ၂၀၀ ခန့် မဲပေးပိုင်ခွင့်မရသဖြင့် ဒေါသထွက်နေ

အရှေ့လမ်း မဲရုံ (ဓာတ်ပုံ - Soe Mg Mg Soung)
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်က ရှားပေါင်ရွာ မဲရုံအမှတ် ၁ မှာ မဲဆန္ဒရှင် ၁၈၀၀ ကျော်ထဲက ၂၀၀ ဟာ မဲပေးခွင့်မရှိလို့ စိတ်ဆိုးနေကြတယ်လို့ ပေါင်းတည်မြို့နယ် တိုင်းလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ က ကိုယ်စားလှယ်လောင် ဦးထွန်းထွန်းဦးက ပြောပါတယ်။ မဲစာရင်း ဒုတိယအကြိမ်ကြေညာရာမှာ ပါဝင်ခဲ့ပေမယ့် အခုတခေါက် မပါလာလို့ ဒေါသထွက်နေတာလို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။ “ရှားပေါင်မဲရုံမှာက မဲပေးပိုင်ခွင့်ရှိသူ ၁၈၀၄ ယောက်၊ ကြိုတင်မဲ ၇၆ ယောက်ကို အခု လောလောဆယ် ၂၀၀ လောက်က မဲစာရင်းမှာ မပါလို့ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ထားရတယ်။ ဒုတိယ မဲစားရင်းမှာပါတယ်တဲ့ အခုအခါမှာ မပါတော့ ဘယ်လိုဖြစ်လဲဆိုတော့ ရပ်ကျေးကော်မရှင်က မနက်ကျရင် ရအောင်လုပ်ပေးမယ်ဆိုပြီး မနက်မှာ လူတွေက အရမ်း ကျိတ်ကျိတ်တိုးးနေတဲ့အခါကျတော့ မဲပေးနိုင်ခွင့်ကတ်ပြားပါတဲ့ဟာပဲ အရင်ဦးစားပေးနေတယ်။ မဲစာရင်းမပါတဲ့သူတွေကို ကော်မရှင်နဲ့ အသိသက်သေတွေနဲ့ လက်မှတ်ထိုးပြီး ပေးခိုင်းမယ်ပြောပြီးတော့ ၈ နာရီထိုးလည်းထိုးရော မြို့နယ် ကော်မရှင်က ပေးလို့ မရတော့ဘူးလို့ လှမ်းပြောတယ်။ အဲဒီမှာလူက လောလောဆယ် အခု အယောက် ၃၀ လောက်က မကျေမနပ်ဖြစ်နေတဲ့အတွက် လောလော ချော့မော့နေရတယ်။”

A d v e r t i s e m e n t With Us

More News
Up