Home
မြန်မာသတင်း
မြိတ်မြို့တွင် ထွေအုပ်ရင်ထိုးပါ လူတဦး မဲစာရင်းစာရွက်များ ဆုတ်ဖြဲ
DVB
·
November 8, 2015
တနင်္သာရီတိုင်း မြိတ်မြို့ မြိတ်တောင်ကျေးရွှာအုပ်စု အင်းလေးမြိုင် ၃၊  မဲရုံအမှတ်စဉ် ၁၆ ထဲကို ထွေအုပ်ရင်ထိုးပါ လူတယောက် ၀င်လာပြီး မဲစာရင်းစာအုပ်ထဲက စာရွက်တွေကို ဆုတ်ဖြဲယူသွားတယ်လို့ အဲဒီမဲရုံမှာ ရောက်နေတဲ့ လေ့လာစောင့်ကြည့်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “မဲရုံထဲကို ၀င်လာတယ်၊ မဲရုံမှူးနဲ့လည်း မတိုင်ပင်ပဲနဲ့ ဒီလူတွေက မဲပေးခွင့်မရှိတဲ့ သူတွေဆိုပြီးတော့ စာရွက် ၃ ရွက်ကို ဆုတ်ဖြဲသွားတာ” လို့ မဲရုံအမှတ်စဉ် ၁၆ မှာ လေ့လာစောင့်ကြည့်နေတဲ့သူက ပြောပါတယ်။ မဲရုံမှူးကတော့ ဘာစာရွက်ဖြဲသွားမှန်း မသိဘူးလို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ မြိတ်မြို့ရဲ့ မဲရုံတော်တော်များများမှာ မဲပေးလို့မရတဲ့သူတွေလည်း ရှိနေပါတယ်။ မဲစာရင်းမှာ နာမည်မပါလို့ ပုံစံ ၃ နဲ့ အချိန်မီလျှောက်ပေမယ့်လည်း ကော်မရှင်နဲ့ ရပ်ကွက်ရုံးတွေရဲ့ ပေါ့ဆမှုတွေကြောင့် မဲပေးခွင့် ဆုံးရှုံးရတာလို့ မဲပေးခွင့်မရသူတွေက ဆိုပါတယ်။ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ရှိတဲ့သူတွေလည်း မဲပေးဖို့ တန်းစီစောင့်နေကျပေမယ့် မဲစာရင်းနာမည်မပါလို့ ပေးခွင့်မရကျပါဘူး။ သတင်း - မြတ်သူအောင် မြိတ်နှင့်ပုလောမြို့နယ်တို့တွင် မဲပေးနေစဉ်။ (ဓာတ်ပုံ - aw Zaw Myeik)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024