A d v e r t i s e m e n t With Us

ကြိုတင်မဲများ ဥပဒေနှင့်မညီသည့်ကိစ္စ အန်အယ်လ်ဒီအရေးပေါ်ကြေညာ

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာလ ၈ ရက်နေ့ ဒီနေ့မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဧရာဝတီတိုင်း  ပုသိမ်မြို့နယ် ကျေးရွာတရွာမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရင် ပြန်ဆပ်စရာ မလိုဘူးဆိုပြီး  အိမ်တိုင်းစေ့  ကျပ်ငွေ ၁ သိန်းစီ ထုတ်ချေးပေးနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up