A d v e r t i s e m e n t With Us

လေးမျက်နှာမြို့နယ်က ကုန်းကြီးမဲရုံ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းပုံ ကပ်ထား

ဧရာဝတီတိုင်း လေးမျက်နာမြို့နယ် ကုန်းကြီးမဲရုံ မဲရုံအမှတ် ၆၄ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်ပုံ ကပ်ထားတာ တွေ့ရပါတယ်။ “ကျနော်ဝင်ရောက်ကြည့်ရှုစစ်ဆေးတဲ့အခါမှာ မဲပေးတဲ့ပြည်သူတွေ တန်းစီပြီ စောင့်နေတယ်။ အမျိုးသားလွှတ်တော် မဲပေးတန်းရဲ့ နံရံပြက္ခဒိန်မှာ ၀န်ကြီးချုပ် ဦးသိန်းအောင် ပုံကြီးတွေ ချိတ်ထားတယ်။ နောက်ပြီး အဲဒီကျောင်းနံရံတွေမှာ ကြံ့ခိုင်ရေး ဦးသိန်းအောင်ရဲ့ပုံတွေ ချိတ်ထားတာလည်းတွေ့တယ်” လို့ လေးမျက်နှာ အန်အယ်လ်ဒီ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုးခိုင်က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ မဲပေးတဲ့အချိန်ထိ လေးမျက်မျက်နှာမြို့နယ်မှာ မဲစာရင်းအမှားအယွင်းတွေက အတော်များနေတုန်းပဲလို့  ဦးစိုးခိုင်က ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up