A d v e r t i s e m e n t With Us

ကချင်ပြည်နယ် တနိုင်းတွင် တပ်မတော်အရာရှိတဦးတည်း မဲ ၁၄ ပြားထည့်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲရုံ အမှတ် ၇
ကချင်ပြည်နယ် တနိုင်းမြို့ ကင်ဆားရာရပ်ကွက် အမကကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံမှာ နိုဝင်ဘာလ ၇ ရက်နေ့က ခလရ ၃၁၈ အစိုးရတပ်မှ ဗိုလ်ကြီးမောင်မောင်ဆိုသူ တဦးတည်းက  ကြိုတင် မဲပြား ၁၄ ပြား ကိုင်ဆောင်လာပြီး  တံဆိပ်နှိပ်မဲပေးသွားခဲ့တယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်လောတ်က ဒီဗွီဘီကို ပြောပါတယ်။ ဒီလုပ်ရပ်ကို အခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ထောက်ပြခဲ့ပေမယ့် မဲရုံစောင့် တာဝန်ခံ လင်းလင်းဆိုသူက ဒါဟာ လူသတ်မှု မဟုတ်၊ မုဒိမ်းမှု မဟုတ်ကြောင်း၊ သူတာဝန်ယူမယ့်အကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up